#မည်သည့် ညသည် "မဲအ်ရားဂ်ျ" ည ဖြစ်သည်ဟု ယတိပြတ်မသိနိုင်ပါ။ ယတိပြတ် မပြောနိုင်ပါ။ (#ရဂျဗ်လ 27 ရက်ည) 27/1/2025 - တနင်္လာ နှင့် 28/1/2025 - အင်္ဂါ ကြားညသည် မဲအ်ရားဂ်ျည ဖြစ်နိုင်ချေ ရှိသော ညတစ်ည ဖြစ် သည်။သို့သော် မသေချာပါ။ #အချို့အဆိုများအရ မဲအ်ရားဂျ်ည ဟာ "ရဗီအွလ်အောင်ဝ်ဝလ်"လ ထဲမှာရှိတယ်။အချို့အဆိုများအရ မဲအ်ရားဂျ်ညဟာ "ရဗီအွစ်စာနီ" လထဲမှာရှိတယ်။ #အချို့အဆိုများအရ မဲအ်ရားဂျ်ည သည် "ရမဒွါန်"လမြတ်ထဲမှာရှိကြောင်း သိရတယ်။ #အချို့အဆိုများအရ မဲအ်ရားဂျ်ည ဟာ"ရှောင်ဝ်ဝါလ်"လထဲမှာရှိကြောင်း သိရတယ်။ #မည်သို့ပင်ဆိုစေကာမူ မဲအ်ရားဂ်ျည ၏ သီးသန့်ကျင့်စဉ်/အေဗါဒသ် ဟူ၍ မလာရှိပေ။ #ရဂျဗ် /ရှအ်ဗါးန်/ရမဇာန် လမြတ် များတွင် နေ့စဉ် ကောင်းမှုကုသိုလ်များကို တတ်နိုင်သမျှ များများ လုပ်ဆောင်ကြရမည်။ တတ်နိုင်သမျှ နဖိလ်ရိုဇာများများထားသင့်သည်။ #မဲအ်ရားဂ်ျ ညကို တမင်ရည်စူး၍ ရိုဇာမထားရပေ။မိမိရိုဇာထားနေကျ ရက်ဖြစ်သောကြောင့် ရိုဇာထားခြင်း/ တနင်္လာ (သို့) ကြာသပတေးနေ့ဖြစ်သော ကြောင့်ရိုဇာ ထားခြင်းသည် ပြသနာ အလျင်း မရှိပေ။ (الآثار المرفوعة في الأخبار الموضوعة ص 77 ط. مكتبة الشرق الجديد)