တဖြည်းဖြည်းနဲ့ဒီဇင်ဘာကကုန်ခါနီးလာသလို ရာသီဥတုကလည်းပိုအေးလာတယ်။ တစ်နှစ်ဆိုတဲ့အချိန်ကာလကလည်း သိပ်မကြာလိုက်သလို။ ဘာမှန်းမသိစိတ်ထဲမပျော် ဘာကိုလိုအပ်နေမှန်းလဲမသိ လူတစ်ယောက်ကိုလား ချစ်ခြင်းမေတ္တာကိုလား ဒါမှမဟုတ် လူတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုလား။ ညတာရှည်လာတာဟာ အိပ်စက်ချိန်ပိုလာတယ်လို့မဆိုလိုသလို အချိန်တွေကြာသွားတာဟာလည်း ကိစ္စတိုင်းကိုမေ့လိုက်ရမယ်လို့မှမဟုတ်ပဲ။ မလိုချင်တဲ့မှတ်ဉာဏ်တွေကိုမေ့လိုက်ဖို့ကြိုးစားနေသ၍ သတိရနေသေးတာနဲ့အတူတူပဲဆိုတာ ကိုယ်လည်းသဘောပေါက်လာပါပြီ။ လာမယ့်နေ့တွေမှာ ပေါ့ပေါ့ပါးပါးလေးနေချင်တယ်။ ကိုယ်လည်းပျော်ဖို့ထိုက်တန်တယ်မဟုတ်လား။ ဘာကိုမှအလေးအနက်မထားပဲ ခံစားချက်တွေကိုလည်းသိုသိုသိပ်သိပ်ပဲပိတ်သိမ်းလိုက်ပါတော့မယ်။ လက်တွေ့ဘ၀ကိုဖြတ်သန်းရင်း "အချိန်တွေကုန်တာမြန်လိုက်တာနော်"လို့ပြောပြီး မင်းကိုတစ်ရက်မှမေ့မရသေးတဲ့အကြောင်းတွေတော့ ဘယ်သူ့ကိုမှမပြောပြချင်တော့ပါဘူး။ #ညီစေမင်း
#2024 #onthisday #💗
#flypシ
#tittokmyanmar