The Boys (2023) **** The boys ကတော့ ၁၉၉၉ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်အမှုကို အခြေခံပြီးရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကားလေးပဲဖြစ်ပါတယ်။ Kill Boksoon ထဲကမင်းသားကြီး Sul Kyung Gu, Doom At your service ထဲကမင်းသား Seo In Guk,Dr.romantic ထဲက မင်းသမီး Jin Kyung တို့အပြင် တခြားနာမည်ကြီး cast တွေအများကြီးနဲ့ ရိုက်ကူးထားတာမို့ ခပ်မိုက်မိုက် သရုပ်ဆောင်ချက်တွေကို ကြည့်ရမယ့် movie လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မြို့လေးတစ်မြို့က အူရီ စူပါမားကတ်မှာ ခိုးယူမှုနဲ့ လူသတ်မှုဖြစ်ပွားခဲ့တယ်။ အသက်မပြည့်ကြသေးတဲ့ ကောင်လေးသုံးယောက်ဖြစ်တဲ့ ချန်းဟို, ဆွန်းအူနဲ့ ဗြောင်းဝန်းတို့က အဲဒီအမှုအတွက် တရားခံအဖြစ် စွပ်စွဲခံလိုက်ရပြီး အမှုစစ်တွေရဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေကြောင့် ကောင်လေးတွေဟာ ဒဏ်မခံနိုင်တော့ဘဲ မကျူးလွန်ထားတဲ့ပြစ်မှုကို ဝန်ခံလိုက်ရတယ်။ ဒါပေမဲ့ ဒုရဲအုပ်ဖြစ်တဲ့ ဟွမ်ဂျွန်ချောကတော့ သူတို့ရဲ့ ဝန်ခံချက်ကို သံသယဖြစ်ပြီး အမှုကို ပြန်လည်စစ်ဆေးမှုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ကောင်လေးသုံးယောက်ဟာ အပြစ်ဒဏ်ခံယူလိုက်ရတယ်။ နှစ်များစွာ ထောင်ထဲမှာ အပြစ်ဒဏ်ခံယူပြီးလို့ ထွက်လာကြတဲ့အချိန်မှာလည်း ကောင်လေးတွေဟာ ပြစ်မှုမှတ်တမ်းဟောင်းရှိသူတွေအဖြစ် အပြင်လောကမှာပါ ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေ့ခဲ့ရသလို သူတို့ဘက်မှာ ရပ်တည်ပေးခဲ့တဲ့ ဒုရဲအုပ်ဟွမ်ဂျွန်ချောကလည်း ရာထူးချခံလိုက်ရတယ်။ မတရားခံလိုက်ရတဲ့သူတို့တွေ တရားမျှတမှုရအောင် ပြန်လည်ကြားနာမှုလုပ်ဖို့ ကြိုးစားကြတဲ့အခါ.. ဒီကြိုးစားမှုမှာ ဘယ်သူတွေက ဘယ်လိုကူညီပေးသွားကြမလဲ... တရားခံအစစ်ကရော ဘယ်သူဖြစ်နေမလဲ... တရားခံက ဘယ်လိုလူဖြစ်နေလို့ အမှုစစ်တွေကပါ ပေါင်းကြံခဲ့ကြတာလဲဆိုတာကိုတော့ ဒီ The Boys movie လေးထဲမှာပဲ ရင်တဖိုဖိုနဲ့ ကြည့်လိုက်ကြပါဦးနော်။
#movie #ရုပ်ရှင် #ရုပ်ရှင်🇲🇲🇲🇲🇲🇲 #ရုပ်ရှင်ကားကောင်းကောင်းလေးကြည့်ကြမယ်☺️☺️
#movies #movieclips #mmsub #fyp