ဒီနေ့မှာတော့ ပျိုပျိုမေမေတို့အတွက် သဘာဝမန်ကျည်းသီးဖျော်ရည်လုပ်နည်းလေးရှာထားပေးတယ်ရှင့်🍹🍹 ဝမ်းချုပ်တတ်တယ့် ပျိုပျိုမေတို့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ မန်ကျည်းသီးမှည့် ဖျော်ရည်လေး လုပ်သောက်ကြည့်ဖူးကြလား….မသောက်ဖူးရင် လုပ်ရလည်းလွယ်ကူတာမို့ လုပ်နည်းလေးကြည့်ရအောင်နော်👇🏻👇🏻👇🏻 ပါဝင်ပစ္စည်းများ📍 မန်ကျည်းသီးမှည့် - ပမာဏ (ကြက်ဥတစ်လုံးစာ)💥 ထန်းလျှက်ခဲ - ပုံမှန်အနေအထား 4ခဲ💥 ဆား - လက်ဖက်ရည်ဇွန်း 1ဝက်💥 ရေနွေးပွက်ပွက်ဆူပြီးသား - ပုံမှန်ဖန်ခွက် နှစ်လုံးစာ💥 ပြင်ဆင်ပြုလုပ်ပုံ✅✅ ☑️မန်ကျည်းသီးမှည့်ကို ရေနှင့် ခပ်ဖွဖွလေး ဆေးပေးပါ ☑️ထန်းလျှက်ခဲများကိုလဲ ရေနှင့်ခပ်ဖွဖွလေး ဆေးပေးပါ။ ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ မန်ကျည်းသီးမှည့် ထန်းလျှက်ခဲ /ဆားနှင့် ရေနွေးတို့ထည့်ကာ အနည်းဆုံး သုံးနာရီလောက် စိမ်ထားပါ။ ☑️မန်ကျည်းသီးများ နူးအိလာပြီး ထန်းလျှက်ခဲများ အရည်ပျော်လာပါက လက်ကိုရေဆေးပြီး မန်ကျည်းသီး အနှစ်များ ထွက်လာအောင် နယ်ပေးပါ။ ☑️ပြီးတာနဲ့ ဖန်ခွက်ထဲသို့ အဖတ်များ မပါအောင် ထည့်ပေး ပြီး ရေခဲလေးနှင့် နှစ်သက်ပါက ရေခဲထည့်ကာ သောက်သုံးနိူင်ပါပြီ။
#dietplanbysu #ကျန်းမာစေမယ့်နည်းလမ်းလေးတွေ #ဝမ်းချုပ်နေသူကျော်မသွားနဲ့နော်😍 #ဝိတ်ကျချင်သူများအတွက်
#sharingknowledge #သဘာဝဖျော်ရည်တွေသောက်ပီးဝိတ်ချမယ်
#fypシ゚viral
#fyppppppppppppppppppppppp